အပြည်အပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ပညာရှင်တွေဟာ မြန်မာငလျင်ဒဏ်သင့်ဒေသတွေကို ရောက်နေပြီး ငလျင်ဒဏ်သင့် အဆောက်အဦးတချို့ရဲ့ ကြံ့ခိုင်မှုတွေကို တိုင်းတာစစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။
AEA ကျွမ်းကျင် ပညာရှင် ၄ ယောက်၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ပညာရှင်တွေ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ တွေဟာ နည်းပညာတက္ကသိုလ် (မန္တလေး)နဲ့ မဟာမြတ်မုနိ ဘုရားတို့ကို စက်ပစ္စည်းတွေနဲ့ အသေးစိတ် တိုင်းတာ ဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။
IAEA ပညာရှင်တွေက ငလျင်ဘေးမှာ စစ်ဆေးခဲ့တဲ့ အတွေ့အကြုံတွေ၊ စစ်ဆေးခဲ့တဲ့ အတွေ့အကြုံတွေ၊ နည်းပညာကို သုံးပြီး ခေတ်မီတိုင်းတာရေး စက်ပစ္စည်းတွေရဲ့ အသုံးပြုနည်းတွေကိုလည်း နည်းပညာတက္ကသိုလ် (မန္တလေး) မှာ မျှဝေခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- မန္တလေးနေ့စဉ်
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း