မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှာ ဒီနေ့ စက်တင်ဘာလ ၁ ရက်မနက်ပိုင်းက ဆီဘောက်ဆာယာဉ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဝင်တိုက်မိရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁ ရက်၊ နံနက် ၆ နာရီ ၄၄ မိနစ်ခန့်က စစ်ကိုင်း-မြစ်ငယ်ကားလမ်းရှိ ဥယျာဉ်တော်ကျေးရွာမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆီဘောက်ဆာယာဉ် မတော်တဆမှုဖြစ်ပြီးနောက် မီးလောင်မှုပါ ဖြစ်ပွားခဲ့ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးနှင့် အမရပူရမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်များရဲ့ ကြိုးပမ်းမှုကြောင့် နံနက် ၇ နာရီ ၂၄ မိနစ်မှာ မီးကို အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#အမရပူရ