အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegsethက အင်ဒို-ပစိဖိတ်ဒေသအတွင်းမှာ တရုတ်ရဲ့ အန္တရာယ်က အချိန်မရွေးဝင်ရောက်လာနိုင်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegsethဟာ အာရှရဲ့ ထိပ်သီးကာကွယ်ရေးဖိုရမ်ဖြစ်တဲ့ စင်္ကာပူနိုင်ငံ၊ Shangri-La Dialogue မှာပထမဆုံးအကြိမ်အဖြစ် မိန့်ခွန်းပြောကြားခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်းက မိတ်ဖက်နိုင်ငံများကို ကိုယ်ပိုင်ကာကွယ်ရေးအတွက် အသုံးစရိတ်ပိုမိုကျစရိတ်ထုတ်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။
Hegseth က အင်ဒို-ပစိဖိတ်ဒေသဟာ Trumpအစိုးရရဲ့ ဦးစားပေးထားတဲ့ ဒေသဖြစ်ကြောင်းပြောသွားပြီး ဒေသခံကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ်အရာရှိများနဲ့ သံတမန်များက တက်ရောက်ခဲ့ကြပါတယ်။
#MERCURY#mercurynews#နိုင်ငံတကာသတင်း#အမေရိက