Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမေရိကန်က တရုတ်ကျောင်းသားများရဲ့ Visaများကို ပြင်းထန်စွာ စိစစ်မည်

၂၀၂၅၊မေလ၊၂၉ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်မှုရှိသူများ၊ နည်းပညာနဲ့ သိပ္ပံအရေးကြီးနယ်ပယ်များမှာ ပညာသင်နေတဲ့ တရုတ်ကျောင်းသားများရဲ့ ဗီဇာများကို ပြင်းထန်စွာ စိစစ်ပြီး ရုပ်သိမ်းသွားမယ်လို့ ပြောကြားသွားပါတယ်။ ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံမှ လာမယ့် ဗီဇာလျှောက်လွှာအားလုံးကိုလည်း စနစ်တကျ စစ်ဆေးရန်အတွက် အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ချက်အသစ်များ ပြင်ဆင်နေသည့်အကြောင်း The New York Times သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါအရေးယူမှုဟာ အမေရိကန်တက္ကသိုလ်များအတွက် စိုးရိမ်စရာအခြေအနေဖြစ်လာနိုင်ပြီး တရုတ်အစိုးရ၏ တုံ့ပြန်မှု တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံမှ ကျောင်းသားများဟာ အမေရိကန်ရှိ နိုင်ငံတကာကျောင်းသားအများဆုံးအုပ်စုတစ်ခုဖြစ်ပြီး၊ တက္ကသိုလ်များဟာလည်း သန်းနှင့်ချီသော နိုင်ငံတကာကျောင်းသားများက ပေးတဲ့ ကျောင်းလခများပေါ် အားထားနေကြရတာပါ။ ယခုအရေးယူမှုဟာ ၂၀၂၀ ခုနှစ်မှာ တရုတ်စစ်တက္ကသိုလ်များနဲ့ ဆက်နွယ်သူများရဲ့ ဗီဇာများကို ဖျက်သိမ်းခြင်းကနေ စတင်ခဲ့တဲ့ မူဝါဒများကို ဆက်လက်တိုးချဲ့ခြင်းလည်း ဖြစ်ပါတယ်။

နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာများအရ ၂၀၂၃-၂၄ ပညာသင်နှစ်မှာ အမေရိကန်တက္ကသိုလ်များမှာ တက်ရောက်တဲ့ နိုင်ငံတကာကျောင်းသား ၁.၁ သန်းအနက် တရုတ် ကျောင်းသား ၂၇၅,၀၀၀ ကျော်ရှိခဲ့ပြီး အိန္ဒိယကျောင်းသားများက ၃၃၀,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။ တရုတ်ကျောင်းသားဦးရေမှာ ယခင်နှစ်ကထက် ၄ ရာခိုင်နှုန်း လျှော့ကျခဲ့သော်လည်း အိန္ဒိယကျောင်းသားဦးရေက ၂၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#တရုတ်

Marco Rubio, US secretary of state, speaks during a swearing-in ceremony in Washington, DC, US, on Tuesday, Jan. 21, 2025. Rubio, who served 14 years on the Senate Foreign Relations Committee, is one of Trump’s more conventional cabinet choices and was cleared by a vote of 99 to 0 on Monday. Photographer: Oliver Contreras/Sipa/Bloomberg via Getty Images