Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမေရိကန်နဲ့ ကာတာ ဒေါ်လာ ၁.၂ ထရီလျံ တန် စီးပွားရေး သဘောတူညီမှု လက်မှတ်ရေးထိုး

၂၀၂၅၊မေလ၊၁၅ရက်

မနေ့ကကာတာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာတာဘုရင် Sheikh Tamim bin Hamad Al Thaniနဲ့ တွေ့ဆုံပြီး ဒေါ်လာ ၁.၂ ထရီလျံတန်ဖိုးရှိတဲ့ အပြန်အလှန် စီးပွားရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သဘောတူစာချုပ်မှာ အမေရိကန်ဘိုးရင်းကုမ္ပဏီက လေယာဉ် ၂၁၀ စင်းကို ကာတာနိုင်ငံက ဝယ်ယူသွားမှာ ဖြစ်ပြီး စာချုပ်ပါ အတိုင်းအတာအရ လေယာဉ်ဝယ်ယူမှုတင် ဒေါ်လာ ၉၆ ဘီလျံတန်ဖိုးရှိနေပါတယ်။

သဘောတူညီချက်ရဲ့ အခြားအစိတ်အပိုင်းများမှာ အမေရိကန်ကာကွယ်ရေးကုမ္ပဏီများက ဒရုန်းနည်းပညာ၊ ဒရုန်းတိုက်ဖျက်ရေးနည်းပညာများ၊ စွမ်းအင်လုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင်ဖြစ်ပြီး လေယာဉ်မှာယူမှုဟာလည်း ဘိုးရင်းကုမ္ပဏီသမိုင်းတစ်လျှောက်အများဆုံးဖြစ်ပါတယ်။

#mercury#mercurynews#အမေရိကန်#ကာတာ#နိုင်ငံတကာသတင်း