တောင်ကိုရီးယားသမ္မတ လီ ဂျေမြောင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်တို့ ခေါင်းဆောင်နှစ်ဦးရဲ့ မနေ့က ဆွေးနွေးပွဲများအပြီးမှာ အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယားသမ္မတရဲ့ အကြံပေး Kim Yong-beomရဲ့ ပြောကြားချက်အရ အဓိက သဘောတူညီချက်တွေမှာ နှစ်နိုင်ငံလုံးက ယခင်နှစ်အစောပိုင်းက သဘောတူခဲ့တဲ့အတိုင်း အပြန်အလှန် အခွန်နှုန်းထားများကို ၂၅% မှ ၁၅% သို့ လျှော့ချမှာတွေ ပါဝင်သလို တောင်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ့် ကိစ္စတွေပါဝင်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမယ့် ကိစ္စတွေမှာ ငွေသားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀၀ ဘီလီယံနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအတွက် ဒေါ်လာ ၁၅၀ ဘီလီယံ ပါဝင်မယ်လို့ ကနဦးသိရပါတယ်။
အမေရိကန်သမ္မတထရမ့်ဟာ ဒီနေ့ အောက်တိုဘာ ၃၀ရက်နေ့မှာ APEC (အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး) ထိပ်သီးအစည်းအဝေးကို လာရောက်မယ့် တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ သီးခြားတွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရပါတယ်။
#mercury#mercurynews#တောင်ကိုရီးယား#အမေရိကန်#ကုန်သွယ်ရေး#နိုင်ငံတကာသတင်း
