Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမေရိကန်သမ္မတ ထရမ့်ကို ထောက်ခံသူ ချာလီကရှ်တ် ကောလိပ်ကျောင်း၌ လုပ်ကြံခံရပြီး ‌ေ-သဆုံး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဩဇာကြီးမားတဲ့ မဟာမိတ်တစ်ဦးဖြစ်သူ ချာလီကရှ်တ် (Charlie Kirk) ဟာ ယူတားပြည်နယ်ရှိ ကောလိပ်ကျောင်းဝင်းတစ်ခုမှာ ဆွေးနွေးပွဲလုပ်နေစဉ်အတွင်း လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် ချာလီကရှ်တ်ကို လုပ်ကြံသူတစ်ဦးက ကျောင်းခေါင်မိုးပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်မှာ သေဆုံးသွားခဲ့ပါတယ်။

ချာလီကရှ်တ်ဟာ အမေရိကန်တစ်ဝန်းရှိ ကောလိပ်ကျောင်းတွေမှာ ပြင်ပစကားရည်လုပွဲတွေ ကျင်းပရင်း လူသိများလာသူတစ်ဦးလည်း ဖြစ်ပါတယ်။

ပစ်ခတ်မှုမဖြစ်ခင်လေးမှာပဲ ချာလီကရှ်တ်ဟာ သေနတ်ကြောင့် လူအများအပြားသေဆုံးရမှုအကြောင်း ဆွေးနွေးနေခဲ့တာဖြစ်ပြီး၊ ပစ်ခတ်ခံရချိန်မှာ သူ့ရဲ့ဇနီးနဲ့ ကလေးငယ်နှစ်ဦးဟာ ကျောင်းဝင်းအတွင်းမှာ ရှိနေခဲ့တယ်လို့ အထက်လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

ချာလီကရှ်တ် သေဆုံးခဲ့ရတဲ့အတွက် သမ္မတထရမ့်က ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်အလံတွေကို တိုင်ဝက်လွှင့်ထူဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ချာလီကတ်