Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန် ဆီးကျိတ်ကင်ဆာ ခံစားနေရ

၂၀၂၅၊မေလ၊၁၉ရက်

အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန် ဟာ ပြင်းထန်တဲ့ ဆီးကျိတ် ကင်ဆာ ခံစားနေရကြောင်း သူ့ရဲ့ ရုံးကနေ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အသက် ၈၂ နှစ် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ အပတ်က ဆီးကျိတ် ဆိုင်ရာ လက္ခဏာ တွေ့ခဲ့တာကြောင့် ဆရာဝန်ထံ ပြသခဲ့ပြီးနောက် သောကြာနေ့မှာ ကင်ဆာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက် အရ သမ္မတဘိုင်ဒန်ရဲ့ ရောဂါဟာ ကင်ဆာ အဆင့် ၉ လို့သိရပြီး အရိုးအထိ ကူးစက် ပျံ့နှံ့ ထား တာကြောင့် ဘိုင်ဒင်နဲ့ မိသားစုဟာ ရွေးချယ် စရာ ကုသမှု ပုံစံတွေကို ပြန်လည် သုံးသပ်နေတယ်လို့ သိရပါတယ်။

ဂျိုးဘိုင်ဒန်ဟာ ကျန်းမာရေးနဲ့ အသက်အရွယ် ကြောင့် ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပြီး တစ်နှစ်နီးပါး အကြာမှာ အခုလို ကင်ဆာရောဂါကို ခံစားနေ ရတာဖြစ်ပါတယ်။

#Mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#Biden