၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၂)ရက်
ရွှေဂုံတိုင်ကုန်းတံတားအဆင်း၊ကမ္ဘာအေးဘုရားလမ်းမပေါ်အမျိုးသမီးငယ်တစ်ဦးကို ကားနဲ့တိုက်ပြီးထွက်ပြေးသွားတယ်လို့ လူမှုကူညီရေးအသင်းမှ သိရပါတယ်။
ကားတိုက်ခံရသူဟာ နေရာမှာပင် ေ-သဆုံးသွားပြီဖြစ်တယ်လို့ဆိုပါတယ်။
ေ-သဆုံးသူမှာ မှတ်ပုံတင်တွေ့ရှိချက်အရ မင်္ဂလာဒုံမြို့နယ်နေ မလင်းပြည့်အိမ်(၂၃နှစ်)ဖြစ်တယ်လို့မေတ္တာအလင်း လူမှုကူညီရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
မလင်းပြည့်အိမ်ရဲ့ သူငယ်ချင်းတစ်ဦးက မလင်းပြည့်အိမ်ရဲ့ Iris Lynn အကောင့်ကို Tag တွဲကာ “လင်းရယ် …ဘယ်လိုမှ မယုံနိုင်ဘူး ညီမလေးရယ်……ဘဝဆက်တိုင်း အခုလိုအဖြစ်တွေနဲ့ ဝေးပြီး ညီမလေးလိုချင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေ” လို့ ဆုတောင်းပေးထားသည်ကို တွေ့ရသလို Iris Lynn အကောင့်မှာလည်း ကားတိုက်ခံရစဉ် ဝတ်ထားသော အဝတ်အစားဖြင့် ကလောမြို့သို့အလည်အပတ်ပုံများ တင်ထားသည်ကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
#mercury#mercurynews#မြန်မာ#ယာဉ်တိုက်မှု#မှုခင်း#ပြည်တွင်းသတင်း