——————————
၂၀၂၆ခုနှစ်၊မတ်လ၊(၆)ရက်
လာမယ့်မတ်လ ၈ ရက်မှာ’အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့’ အထိမ်းအမှတ်အဖြစ် အမျိုးသမီး လက်မှုပညာရှင်၊ အနုပညာရှင်နဲ့ ဖန်တီးသူများရဲ့ လက်ရာတွေကို တစ်နေရာတည်းမှာ ခံစားနိုင်ဖို့ Turquoise Mountain Myanmar က ဦးစီးကျင်းပပြီး MULA မှ ပူးပေါင်းပါဝင်တဲ့ Art Exhibition လေးကျင်းပသွားမှာဖြစ်ပါတယ်။
ပြပွဲကို Turquoise Mountain, အမှတ် ၄၇(ခ)၊ ဖိုးစိန်လမ်း၊ ဗဟန်းမြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်။
Craft Market (နံနက် ၉း၃၀ – ညနေ ၅း၃၀) In collaboration with Prevent Plastics+ and other partner organizations ကအမျိုးသမီးတွေ ဦးဆောင်တဲ့ ဆိုင် ၄၄ ဆိုင်ပါဝင်တဲ့ လက်မှုဈေးကို တစ်နေ့တာလုံး ခင်းကျင်းသွားမှာပါ။
လက်မှုပညာ၊ အနုပညာဆိုင်များ၊ ဖန်တီးမှုလုပ်ငန်းများ၊ အဝတ်အထည် Brand များနဲ့ အစားအသောက်ဆိုင်များ ပါဝင်ပြီး ရိုးရာလက်ရာတွေကို ခေတ်သစ်စိတ်ကူးနဲ့ ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တွေကို လာရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်။
အမျိုးသမီး ပန်းချီဆရာမ ၉ ဦးရဲ့ ပြပွဲ (နံနက် ၉း၃၀ – ညနေ ၅း၃၀) In collaboration with MULA Art Gallery မှာတော့အသက်အရွယ်၊ နောက်ခံအမျိုးမျိုးရှိကြတဲ့ အမျိုးသမီး ပန်းချီဆရာမ ၉ ဦးရဲ့ လက်ရာတွေကို တစ်နေရာတည်းမှာ ပြသထားမှာပါ။
ဆွေးနွေးပွဲ – “Craft, Art and Women” (နေ့လည် ၁း၃၀ – ညနေ ၃း၀၀) ဒီဆွေးနွေးပွဲကို မြန်မာ ဘာသာဖြင့် ပြုလုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်မှုပညာ၊ အနုပညာနဲ့ ဖန်တီးမှုလုပ်ငန်းတွေအတွင်း အမျိုးသမီးတွေရဲ့ ဦးဆောင်မှု၊ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုများနဲ့ အနာဂတ်အလားအလာတွေအကြောင်း ဆွေးနွေးသွားမှာပါ။
တစ်နေ့တာရဲ့နောက်ဆုံးအပိတ်ကို အမျိုးသမီး အနုပညာရှင်များရဲ့ မြန်မာ့ရိုးရာ စောင်းသံနဲ့အတူ သီချင်းကြီး သီချင်းကောင်းများကို သီဆိုဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ် ။
