Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမျိုးသမီးအာရှဖလား အုပ်စုပွဲစဉ်များ မြန်မာနိုင်ငံတွင်ဇွန်လ (၂၉) ရက်မှစတင်ကျင်းပမည်

———————————–

၂၀၂၅ခုနှစ်၊ဇွန်လ၊(၁၈)ရက်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းပါဝင်ယှဉ်ပြိုင်မယ့် 2026 AFC Women’s Asian Cup qualification group (C) ပွဲစဉ်‌တွေကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၅ ရက်ထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အုပ်စုပြိုင်ပွဲမှာ မြန်မာ (အိမ်ရှင်)၊ဘာရိန်း၊ဘင်္ဂလားဒေ့ရှ်၊တာ့ခ်မင်နစ္စတန်တို့ပါဝင်မှာ ဖြစ်ပြီးခြေစစ်ပွဲ အုပ်စု (၈) ခု ရှိပြီး၊ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရောက်တဲ့ အသင်း (၈) သင်းဟာ ၂၀၂၆ အာရှဖလား အမျိုးသမီး ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

အဲဒီအသင်းတွေနဲ့အတူ လက်ရှိချန်ပီယံ တရုတ်၊ ဒုတိယဆုရ ကိုရီးယားသမ္မတနိုင်ငံ၊ တတိယဆုရ ဂျပန်နဲ့ အိမ်ရှင် သြစတြေးလျတို့ စုစုပေါင်း (၁၂) သင်းဟာ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

#Mercury#mercurynews#2026worldcupqualification#မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း