အာဆင်နယ်အသင်းဟာ လာမည့်ရာသီအတွက် ဘယ်တောင်ပံ တိုက်စစ်နေရာကို အားဖြည့်ရန် ကစားသမား (၄) ဦးကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ဦးစားပေးအစဉ်လိုက် အနေနဲ့ရိုဒရီဂို (Rodrygo)၊ အန်ထော်နီ ဂေါ်ဒွန် (Anthony Gordon)၊ အယ်ဘာရက်ချီ အက်ဇေး (Eberechi Eze) နှင့် နိုနီ မာဒူကီ (Noni Madueke) တို့ ဖြစ်ကြပါတယ်။
ပစ်မှတ်ထားတဲ့ ပထမဆုံးနှစ်ဦးဖြစ်တဲ့ ရိုဒရီဂိုနဲ့ ဂေါ်ဒွန်တို့ရဲ့ အခြေအနေမှာ မရေရာသေးဘဲ ရိုဒရီဂိုဟာ လက်ရှိအသင်းမှ ပြောင်းရွှေ့ရန် မသေချာသေးသလို၊ ဂေါ်ဒွန်အတွက် နယူးကာဆယ်လ် (Newcastle) က မြင့်မားသည့် ပြောင်းရွှေ့ကြေး သတ်မှတ်ထားသောကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ရန် ခက်ခဲနိုင်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်အတွက် အမှန်တကယ်ရရှိနိုင်ခြေရှိတဲ့ ကစားသမားများမှာ အက်ဇေး (ပေါင် ၆၈ သန်း) နှင့် မာဒူကီ (ပေါင် ၅၀ သန်း) တို့ ဖြစ်ပါတယ်။ အားကစားဒါရိုက်တာ ဘာတာ က အတွေ့အကြုံရင့် ကစားသမားဖြစ်တဲ့ အက်ဇေးကို အကြံပြုထားပေမယ့်လည်း နည်းပြချုပ် မီခေးလ် အာတေတာ (Mikel Arteta) ကမူ ငယ်ရွယ်ပြီး အလားအလာရှိသော မာဒူကီကို ပိုမိုနှစ်သက်နေကြောင်း သိရပါတယ်။
#mercury#mercurynews#အားကစား#အာဆင်နယ်#အပြောင်းအရွေ့