ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် အာဆီယံယာယီစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နယ်စပ်ဒေသတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံက စစ်သံမှူးအပြင် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လက်ထောက်စစ်သံမှူးတွေလည်း ပါဝင်တယ်လို့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာ က ပြောပါတယ်။
ဆိုချီတာက “ကမ္ဘောဒီးယားနိုင်ငံဟာ အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်မှုကို လေ့လာစောင့်ကြည့်ဖို့အတွက် မလေးရှားနိုင်ငံက ဦးဆောင်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နယ်စပ်ဒေသတွေမှာ ဇူလိုင် ၂၄ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး၊ ဇူလိုင် ၂၈ ရက်မှာ ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့ကာ အဲဒီနေ့ ညသန်းခေါင်ယံကစပြီး အပစ်အခတ်ရပ်စဲမှုဟာ စတင်အသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။
Ref:xinhua
#mercury#mercurynews#နိုင်ငံတကာသတင်း#ထိုင်း#ကမ္ဘောဒီးယား