——————————————————–
(၇၈)နှစ်မြောက်‘အာဇာနည်နေ့’အထိမ်းအမှတ်အထူးပြခန်းပြသဖို့အတွက် ကြိုတင်ပြင်ဆင်ရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ယာယီပိတ်ထားဖို့ရှိတယ်လို့ သိရပါတယ်။
ဇွန်လ(၁၇)ရက်ကနေ ဇူလိုင်(၁၈)ရက်အတွင်းခေတ္တပိတ်ထားမှာဖြစ်ပြီး ‘အာဇာနည်နေ့‘ဇူလိုင်လ(၁၉) ရက်မှာတော့ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
‘အာဇာနည်နေ့‘မှာတော့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်ဖို့ အခမဲ့ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#အာဇာနည်နေ့#ပြည်တွင်းသတင်း