Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အာဖဂန်နစ္စတန်မှာ ငလျင်ကြောင့် သေဆုံးသူ ရာချီ ရှိလာ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ တနင်္ဂနွေနေ့ နှောင်းပိုင်းက အင်အားပြင်းက ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ၅၀၀နီးပါး သေဆုံးပြီး တစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

BBC သတင်းဌာနက‌တော့ သေဆုံးသူဟာ ၈၀၀ကျော်အထိရှိလာခဲ့ပြီလို့ စက်တင်ဘာလ ၂ရက် ဒီနေ့မနက်ပိုင်း မှာဖော်ပြပါတယ်။

အာဖဂန်နစ္စတန်ရဲ့ ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်တဲ့ ဂျာလာလာဘတ်မြို့မှ ၁၇ မိုင်အကွာရှိ နန်ဂါဟာခရိုင်ကို ဗဟိုပြုပြီး ၆.၀ မဂ္ဂနီကျူနဲ့ မြေအောက်အနက် ၈ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်ဟာ ငလျင်ဒဏ် မကြာခဏခံရလေ့ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် ဇွန်လကလည်း အရှေ့ပိုင်းဒေသမှာ ပြင်းအား ၆.၁ မဂ္ဂနီကျူရှိ ငလျင်တစ်ခုလှုပ်ခဲ့ရာ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်များကို creditပေးပါသည်။

#mercury#mercurynews#ငလျင်#အာဖဂန်နစ္စတန်#နိုင်ငံတာသတင်း