၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၉)ရက်
အိန္ဒိယနိုင်ငံရဲ့(၇၉)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိတယ်လို့သိရပါတယ်။
အခမ်းအနားကို အိန္ဒိယနိုင်ငံ သံရုံး၊ ရန်ကုန်မြို့ ဆွာမိဝိဝေကာနန်ဒယဉ်ကျေးမှုစင်တာ နှင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့ ပူးပေါင်းကျင်းပမှာဖြစ်ပါတယ်။
အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်၊ညနေ(၄)နာရီမှာ ရန်ကင်းမြို့နယ် ၊ မြဝတီမီဒီယာစင်တာမှာ ကျင်းပမှာဖြစ်ပြီးအိန္ဒိယနိုင်ငံမှ Purulia Chhau Troupe အဖွဲ့ရဲ့ ယဉ်ကျေးမှုအကဖျော်ဖြေပွဲ တွေလည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။