Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား အခြေအနေတင်းမာ သထက် တင်းမာလာပြီး စစ်ရေးအရဖြေရှင်းလာ

၂၀၂၅၊မေလ၊၇ရက်

ယနေ့မနက်ပိုင်းက အိန္ဒိယက ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားပိုင်နက် ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နာရီပိုင်းအတွင်း အိန္ဒိယလေယာဉ် ၅ စင်းထက်မနည်းကို ပါကစ္စတန်က ပြန်လည် တိုက်ခိုက်ခဲ့ပြီး စစ်သားအချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ Independent သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခဝါဂျာ မိုဟာမက် အာဆစ်ဖ်က “ဒီလိုရန်လိုတဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ အိန္ဒိယနဲ့ ဆွေးနွေးပါမယ်။အခြေအနေတွေ ပိုမိုတင်းမာလာဖို့ မလိုလားပါဘူး။ ဒါပေမယ့် အိန္ဒိယဘက်က ရန်လိုတဲ့ လုပ်ရပ်တွေ စတင်လာမယ်ဆိုရင်တော့ ပြန်ပြီး တုံ့ပြန်ရလိမ့်မယ်”လို့ Bloomberg သတင်းဌာနကိုပြောပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ပါကစ္စတန်က အိန္ဒိယကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် နေရာ၉ ခုထက်မနည်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က အိန္ဒိယဟာ စစ်ပွဲကို စတင်ခဲ့သူသာဖြစ်တယ်လို့ ပြောထားပါတယ်။

နှစ်နိုင်ငံ တင်းမာမှုတွေလျှော့ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီဂုတာရပ်စ်ကလည်း ယနေ့မနက်မှာပဲ တိုက်တွန်းထားပါတယ်။

#mercury#mercurynews#အိန္ဒိယ#ပါကစ္စတန်#နိုင်ငံတကာသတင်း

People look at a part of an aircraft in Wuyan near Indian-administered Kashmir’s main city of Srinagar on May 7, 2025. India fired missiles at Pakistani territory early on May 7, killing at least eight people, according to Pakistan, which said it had begun retaliating in a major escalation between the nuclear-armed rivals. (Photo by TAUSEEF MUSTAFA / AFP)