၂၀၂၅ခုနှစ်၊မေလ၊(၂)ရက်
အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား ကက်ရှမီးယားဒေသ၊ပါဟယ်ဂမ်မြို့မှာ တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဲဒီ့တိုက်ခိုက်မှုမှာထိခိုက်သေဆုံးသူတွေကို
‘အိန္ဒိယသံရုံး ရန်ကုန်’က အောက်မေ့သတိရပြီး ဂါရဝပြုတဲ့အခမ်းအနားကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့၌ အိန္ဒိယစင်တာတွင် ကျင်းပပြုလုပ်ခဲ့ပါဝာယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက”ပါဟယ်လ်ဂမ်မှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်၌ အိန္ဒိယနိုင်ငံပြည်နယ်အသီးသီးမှ အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါနိုင်ငံသား တစ်ဦးတို့ပါဝင်သည့် အပြစ်မဲ့ ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရသည့်အကြောင်း”ကို ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီးဟာ အကြ-မ်းဖ-က်မှုကျူးလွန်သူများ၊ စီစဉ်သူများနဲ့ကျောထောက်နောက်ခံပြုသူများကို တရားမျှတမှုရရှိစေရန် အိန္ဒိယရဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံနဲ့ စည်းလုံးညီညွှတ်စွာရပ်တည်ပြီး ခိုင်မြဲသော ပံ့ပိုးကူညီမှုအတွက် မြန်မာအစိုးရနဲ့ပြည်သူများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီး Abhay Thakur၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း အကြံပေး ဦးဝင်းနိုင်တို့က အဆိုပါဖြစ်စဉ်မှာ သေဆုံးခဲ့ရသူတွေကို ပန်းများကြဲဖြန့်ကာ အောက်မေ့သတိရကြောင်း ဖော်ပြခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရေးပါတီများမှ ကိုယ်စာလှယ်များနဲ့အကြီးအကဲများ၊ တတ်သိပညာရှင်များ၊ အိန္ဒိယနွယ်ဖွားများ၊ အိန္ဒိယရဲ့ မိတ်ဆွေများနဲ့မီဒီယာအဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
#mercury#mercurynews#india#နိုင်ငံတကာသတင်း