Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အိုင်းယက်နောက်ခံလူ ဟက်တို ကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးသဘောတူညီမှုရရှိ

၂၀၂၅၊ဇူလိုင်လ၊၃၁ရက်

ချဲလ်ဆီးအသင်းဟာ အိုင်းယက်အသင်းရဲ့ လူငယ်ကစားသမား ဟက်တို ကို ပြောင်းရွေ့ကြေး ယူရို သန်း ၄၀နဲ့ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းက အသင်းရဲ့ စီမံကိန်းနဲ့ ကိုက်ညီတဲ့ ကစားသမားအဖြစ် ဟက်တိုကို ရှုမြင်ထားပြီး ကစားသမားဖြစ်သူကလည်း ချဲလ်ဆီးကိုဘဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကစားသမားက ချဲလ်ဆီးနဲ့ ဆေးစစ်ဖို့ လန်ဒန်ကို ထွက်ခွာလာပြီဖြစ်ပြီး အခြားတစ်ဖက်မှာ နယ်သာလန်ကစားသမားဖြစ်တဲ့ ဇာဗီ ဆိုင်မွန်ကို လည်း ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးက အနီးစပ်ဆုံးအနေအထားထိ‌ ရောက်ရှိနေပြီဖြစ်ပါတယ်။

#mercury#mercurynews#အားကစား#hato#chelsea