Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အိုမန်နိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ

၂၀၂၅၊ဇူလိုင်လ၊၇ရက်

အိုမန်နိုင်ငံ၊ ဆိုဟာမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ ဇူလိုင် ၆ ရက်နေ့က အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံရသူဟာ မယုန္ဒာ ဖြစ်ပြီး အလုပ်သမားရေးရာ ဆောင်ရွက်ပေးတဲ့ ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမရဲ့ Facebook စာမျက်နှာမှာတော့ ဧရာဝတီတိုင်း၊ မြန်အောင်မြို့ကဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အိုမန်နိုင်ငံဟာ မြန်မာရွှေ့ပြောင်းအမျိုးသမီးလုပ်သား အများစု သွားရောက်လုပ်ကိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ အလုပ်ရှင်၊ အလုပ်အကျိုးဆောင်နဲ့ အလုပ်သမားတွေကြား အငြင်းပွားမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့လည်း သိရပါတယ်။

#mercury#mercurynews#မြန်မာ#အိုမန်#ပြည်တွင်းသတင်း