Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အီရန်စစ်ပွဲကို အနိုင်ရဖို့ ဗြိတိန်ရဲ့ အကူအညီမလိုကြောင်း ထရမ့်ပြော

၂၀၂၆၊မတ်လ၊၉ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်စစ်ပွဲကို အနိုင်ရဖို့အတွက် ဗြိတိန်ရဲ့ အကူအညီကို မလိုအပ်ကြောင်း မတ်လ ၈ရက်မှာပြောပါတယ်။

ထရမ့်က “ဗြိတိန်ဟာ လေယာဉ်တင်သင်္ဘောနှစ်စင်းကို အရှေ့အလယ်ပိုင်းဆီ စေလွှတ်ရန် အလေးအနက် စဉ်းစားနေပါတယ်။ဒါပေမယ့် ဒီစစ်ပွဲကို နိုင်ဖို့အတွက် ဗြိတိန်ကိုတော့ အမေရိကန်က အားကိုးစရာမလိုအပ်ဘူး”လို့ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထရမ့်က အီရန်နဲ့စစ်ပွဲဆင်နွဲနေရချိန် ဗြိတိန်ရဲ့ ထောက်ခံမှုအားနည်းနေတာကို မှတ်မိနေလိမ့်မယ်လို့ Truth Social လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်က အီရန်ကို တိုက်ခိုက်ရန်အတွက် ဗြိတိန်စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ကို ဗြိတိန်အစိုးရက ပိတ်ပင်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကို အစဉ်တစိုက် ဝေဖန်ခဲ့ပြီး သမိုင်းတစ်လျှောက် ရင်းနှီးခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေခဲ့သူဖြစ်ကြောင်းပြောခဲ့ပါတယ်။