Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အီရန်စစ်ပွဲ ရည်မှန်းချက်တွေ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ လို့ ထရမ့်ပြော

၂၀၂၆၊ဧပြီလ၊၂ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကနေ ရုပ်သံ မိန့်ခွန်း ပြောကြားခဲ့ရာမှာ အီရန်နိုင်ငံတွင်းက သူတို့ရဲ့ အဓိက “ရည်မှန်းချက်တွေဟာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ”ဖြစ်ပြီးအီရန်စစ်ပွဲ မကြာခင်မှာပဲ အပြီးသတ်တော့မယ် လို့လည်း ပြောသွား ပါတယ်။

ထရမ့်က ဟော်မုဇ်ရေလက်ကြား သင်္ဘော သွားလာမှု လုံခြုံရေး အတွက် မဟာမိတ်တွေ အနေနဲ့ သတ္တိရှိရှိ တာဝန်ယူ ဖို့ ထရမ့်က တိုက်တွန်းခဲ့ပြီး အမေရိကန် အနေနဲ့ ဒီလမ်းကြောင်းကို မလိုအပ်ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံက အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတယ် ဆိုတဲ့ ထရမ့်ရဲ့ ပြောကြားချက်က မှားယွင်းပြီး အခြေအမြစ်မရှိဘူး လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ထားကြောင်း အီရန်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြနေကြပါတယ်။