Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အီရန်မြို့ကြီး ၁၂ မြို့ကို အမေရိကန်နှင့် အစ္စရေး စတင်တိုက်ခိုက်၊ မြို့တော်တီဟီရန်အပါအဝင် နေရာအနှံ့ ပေါက်ကွဲမှုများဖြစ်ပွားနေ

၂၀၂၆၊ဧပြီလ၊၆ရက်

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ အီရန်နိုင်ငံရှိ မြို့တော်တီဟီရန်အပါအဝင် မြို့ကြီး ၁၂ မြို့ထက်မနည်းကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။


ပြီးခဲ့သည့် နာရီပိုင်းအတွင်းမှာဘဲ အီရန်နိုင်ငံမြို့တော် တီဟီရန်ရှိ မေရာဘတ်လေဆိပ်အနီးနှင့် ရှာရစ်ဖ်တက္ကသိုလ်အနီးရှိ ဂတ်စ်ဓာတ်အားခွဲရုံများ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲမှုတွေလည်း ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။


အီရန်နဲ့ မဟာမိတ် အီရတ်လက်နက်ကိုင်အဖွဲ့ Kataib Hezbollah ကလည်း ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တန်ပြန်တိုက်ခိုက်မယ်လို့ တုံ့ပြန်ထားပြီး အရှေ့အလယ်ပိုင်းစစ်မီးမှာ အရှိန်အဟုန်ဖြင့် ကူးစက်ပြန့်နှံ့လာနေပါတယ်။