အီရန်အစိုးရဟာ နျူကလီးယားဗုံးထုတ်လုပ်ရန်အတွက် ယူရေနီယမ်သန့်စင်မှုများကို လပိုင်းအတွင်း ပြန်လည်စတင်နိုင်တဲ့ စွမ်းအားရှိကြောင်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ (International Atomic Energy Agency – IAEA) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖာအယ်လ် ဂရော့စီ (Rafael Grossi) က ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်ပိုင်းက အီရန်နျူကလီးယားစီမံကိန်းနေရာ သုံးခုအပေါ် အမေရိကန်က လေကြောင်းတိုက်ခိုက်ခဲ့မှုမှာ ပြင်းထန်ခဲ့ပေမယ့် အလုံးစုံထိခိုက်ပျက်စီးမှုမျိုး မဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ဂရော့စီရဲ့ ပြောကြားချက်ဟာ အီရန်နျူကလီးယားစက်ရုံများကို လုံးဝချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီလို့ ကြွေးကြော်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်၇◌ဲ့ ပြောဆိုချက်များနှင့် လုံးဝဆန့်ကျင်နေပါတယ်။
“ရှင်းရှင်းပြောရရင် အားလုံး ပျက်စီးပျောက်ကွယ်သွားပါပြီ၊ ဘာမှ မရှိတော့ပါဘူး ဆိုပြီး ဘယ်သူမှ အတပ်ပြောလို့ မရပါဘူး” ဟု မစ္စတာ ဂရော့စီက ပြောခဲ့တာပါ။
အီရန်ဟာ နျူကလီးယားလက်နက် တည်ဆောက်လုနီးပါးဖြစ်နေပြီဟု ဇွန်လ ၁၃ ရက်နေ့တွင် အစ္စရေးက ပြောဆိုခဲ့ပြီးနောက် အီရန်ရဲ့နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ နေရာများကို တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနောက် အမေရိကန်ကပါ လေကြောင်းတိုက်ခိုက်မှုတွင် ပါဝင်လာခဲ့ပြီး အီရန်၇◌ဲ့ ဖော်ဒို (Fordow)၊ နာတန်ဇ် (Natanz) နှင့် အစ္စဖာဟန် (Isfahan) နျူကလီးယားစီမံကိန်းနေရာ သုံးခုအပေါ် ဗုံးကြဲချခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ -EPA
#mercury#mercurynews#အီရန်#နိုင်ငံတကာသတင်း#အမေရိကန်