Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အီရန်-အစ္စရေး ပဋိပက္ခ တတိယညမြောက် ဆက်လက်ပြင်းထန်၊ အီရန်ထောက်လှမ်းရေးအကြီးအကဲ သေဆုံး၊ နှစ်ဖက်ကျဆုံးသူများပြား

၂၀၂၅၊ဇွန်လ၊၁၆ရက်

အီရန်နှင့် အစ္စရေးနိုင်ငံတို့အကြား တင်းမာမှုများ အရှိန်အမြင့်ဆုံးသို့ ရောက်ရှိနေပြီး တနင်္ဂနွေနေ့ညမှာ တတိယညမြောက်အဖြစ် နှစ်နိုင်ငံအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ ပစ်ခတ်မှုများအတွင်း အီရန်ရဲ့ ထိပ်တန်းထောက်လှမ်းရေးအရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ အီရန်ဘက်က အတည်ပြုပါတယ်။

မနေ့ညက အီရန်ဘက်က တတိယလှိုင်းအဖြစ် ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြုပြီး အစ္စရေးရဲ့ တဲလ်အဲဗိဗ်မြို့၊ ဟိုင်ဖာမြို့တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ အစ္စရေးတို့ကလည်း တီဟီရန်မြို့ရဲ့ အနောက်ဘက်နေရာများကို ဒုံးကျည်များနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

တနင်္ဂနွေည အစ္စရေးတို့ရဲ့ ပစ်ခတ်မှုကြောင့် အီရန်နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ မိုဟာမက် ခါဇီမီ (Mohammad Kazemi) သေဆုံးသွားကြောင်း အီရန်ဘက်မှ အတည်ပြုပြောကြားခဲ့သလို မိုဟာမက် ခါဇီမီရဲ့ လက်ထောက်နဲ့ နောက်ထပ် တပ်မှူးတစ်ဦးလည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သောကြာနေ့ကတည်းက စတင်ခဲ့တဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုများကြောင့် အီရန်မှာ ယခုအချိန်အထိ လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

အစ္စရေးဘက်မှာတော့ ဟိုင်ဖာမြို့မှာ ယနေ့ည လူ ၁၀ ဦး အသေးစားဒဏ်ရာများ ရရှိခဲ့ကြောင်း အစ္စရေးအရေးပေါ်ဌာနက အခြားနေရာများတွင်လည်း လူ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်း ၃ ရက်အတွင်း အီရန်ရဲ့ပစ်ခတ်မှုများကြောင့် အစ္စရေးဘက်မှ လူ ၁၀ ဦး သေဆုံးထားတယ်လို့လည်း သိရပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#အစ္စရေး#အီရန်

May be an image of fire