အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အစ္စရေးနှင့် အီရန်အကြား အပြီးသတ် အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့လူမှုမီဒီယာမှတစ်ဆင့် ရေးသားထုတ်ပြန်လိုက်ပါတယ်။ ထရမ့်ရဲ့ကြေညာချက်အရ “၁၂ ရက်ကြာ စစ်ပွဲ” ဟု ခေါ်ဆိုနိုင်တဲ့ ပဋိပက္ခဟာ မကြာမီ အဆုံးသတ်တော့မှာဖြစ်ပါတယ်။
သမ္မတထရမ့်ရဲ့ ကအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ကို “အားလုံးကို ဂုဏ်ယူပါတယ်။ အစ္စရေးနဲ့ အီရန်တို့ကြားမှာ အပြီးတိုင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ဖို့ အပြည့်အဝ သဘောတူညီခဲ့ပါပြီ။ (အစ္စရေးနဲ့ အီရန်တို့ သူတို့ရဲ့ လက်ရှိ နောက်ဆုံး စစ်ဆင်ရေးတွေကို ရပ်စဲပြီးစီးတဲ့ အခုက စပြီး ခန့်မှန်းခြေ ၆ နာရီအတွင်းမှာပါ။) ဒါဟာ ၁၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး၊ အဲဒီနောက်မှာ စစ်ပွဲကို ပြီးဆုံးပြီလို့ သတ်မှတ်ပါလိမ့်မယ်။
တရားဝင်အားဖြင့် အီရန်က အပစ်အခတ် ရပ်စဲရေးကို စတင်မှာဖြစ်ပြီး၊ ၁၂ နာရီ အကြာမှာ အစ္စရေးက အပစ်အခတ် ရပ်စဲရေးကို စတင်မှာ ဖြစ်ပါတယ်။ ၂၄ နာရီ အကြာမှာတော့ ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ခြင်းကို ကမ္ဘာက ဂုဏ်ပြုကြိုဆိုပါလိမ့်မယ်။ အပစ်အခတ် ရပ်စဲချိန် အတွင်းမှာ နှစ်ဘက် စလုံးက ငြိမ်းချမ်းစွာနဲ့ လေးစားမှုရှိစွာ နေထိုင်ရပါမယ်။
အစစအရာရာ ကောင်းမွန်စွာ ဖြစ်မြောက်မယ်လို့ ယူဆပြီး၊ ဖြစ်လည်း ဖြစ်မြောက်မှာ ဖြစ်တဲ့အတွက်၊ “၁၂ ရက်ကြာ စစ်ပွဲ” လို့ ခေါ်ဆိုသင့်တဲ့ ဒီစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ခံနိုင်ရည်၊ သတ္တိနဲ့ ဉာဏ်ပညာ ရှိခဲ့တဲ့ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံ စလုံးကို ဂုဏ်ပြုလိုပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ကြာရှည်နိုင်ပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ စစ်ပွဲတစ်ခု ဖြစ်ခဲ့ပေမဲ့၊ အဲဒီလို မဖြစ်ခဲ့ပါဘူး။ ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
ဘုရားသခင် အစ္စရေးကို ကောင်းချီးပေးပါစေ။ ဘုရားသခင် အီရန်ကို ကောင်းချီးပေးပါစေ။ ဘုရားသခင် အရှေ့အလယ်ပိုင်းကို ကောင်းချီးပေးပါစေ။ ဘုရားသခင် အမေရိကန်ပြည်ထောင်စုကို ကောင်းချီးပေးပါစေ။ ပြီးတော့ ဘုရားသခင် ကမ္ဘာကြီးကို ကောင်းချီးပေးပါစေ!”ဆိုပြီး ဖော်ပြပါတယ်။
ဒီမတိုင်ခင် ကာတာမှာတပ်စွဲနေတဲ့ အမေရိကန်လေတပ်စခန်းကို အီရန်က တိုက်ခိုက်ခဲ့သေးပေမယ့် အထိအခိုက်မရှိခဲ့သလို ကျွမ်းကျင်သူတွေက ဒါဟာ အီရန်ပြည်သူတွေကို အစိုးရရဲ့ ချွေးသိပ်မှုသက်သက်ဘဲလို့ သုံးသပ်နေကြပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အီရန်#အစ္စရေး#အမေရိကန်