Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အီရန် အနေနဲ့ “Great Again” မလုပ်လျှင် အစိုးရဖြုတ်ချခံရနိုင်ကြောင်း အမေရိကန် သမ္မတ ထရမ့်ပြော

၂၀၂၅၊ဇွန်လ၊၂၃ရက်

အမေရိကန် ကိုယ်ပျောက် B-2 ဗုံးကြဲလေယာဉ်များက အီရန်နိုင်ငံရှိ နျူကလီးယားစီမံကိန်း အဆောက်အအုံများကို မနေ့နံနက်က တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အီရန်အနေဖြင့် ပြုပြင်ပြောင်းလဲရေးများလုပ်ပြီး “အသစ်တစ်ဖန် ကြီးကျယ်အောင်” (Make Iran Great Again) မစွမ်းဆောင်နိုင်ပါက အစိုးရတစ်ရပ်လုံး ဖြုတ်ချခံရနိုင်ကြောင်း ပြင်းထန်စွာ ပြောဆိုလိုက်ပါတယ်။

ထရမ့်ရဲ့ အမေရိကန်ကို တစ်ဖန်နိုးထ၊ ကြီးမြတ်လာအောင် ပြုလုပ်ရမည်ဟူသော (Make America Great Again – MAGA) ကြွေးကြော်ချက်နှင့် သံတူစွာ၊ အီရန်အနေဖြင့် “Make Iran Great Again” မလုပ်ပါက ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမီနီ (Ayatollah Ali Khamenei) ဦးဆောင်တဲ့ အစိုးရယန္တရားတစ်ခုလုံး ဖယ်ရှားခံရမယ့်အခြေအနေကို ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို ဖျက်ဆီးလိုက်နိုင်ပြီလို့ ကြွေးကြော်ခဲ့ကြပေမယ့် တစ်ဖက်မှာ ကုလ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာအနုမြူစွမ်းအင်ဌာန (IAEA) ရဲ့ ဒါရိုက်တာ ရက်ဖဲ မာရီယာနို ဂရိုစီ (Rafael Mariano Grossi) က အီရန်နိုင်ငံဟာ သန့်စင်ပြီး ယူရေနီယံများကို ထရပ်ကား ဆယ်စီးခန့် မှာ သေတ္တာများနဲ့ တင်ဆောင်ကာ ကြိုတင်နေရာပြောင်းရွှေ့ထားကြောင်း ယူဆရတယ်လို့ ပြောခဲ့ပြီး ပြောဆိုချက်ကို ကိုးကားပြီး New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

#mercurynews#mercurynews#အမေရိက#အီရန် #နိုင်ငံတကာသတင်း