အမေရိကန်နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ အီလွန်မက်စ်က အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) တာဝန်ရှိပုဂ္ဂိုလ်ရာထူး၊ “အထူးအစိုးရဝန်ထမ်း” တာဝန်ထမ်းဆောင်မှုကာလဟာ ပြီးဆုံးပြီဖြစ်ကြောင်း မေ ၂၈ ရက်တွင် လူမှုမီဒီယာ Xကနေ ကြေညာလိုက်ပါတယ်။
အီလွန်မက်စ်သည် DOGE ဌာနမှာ ဦးဆောင်ခဲ့ပြီး ဖက်ဒရယ်အသုံးစရိတ် နဲ့ ဝန်ထမ်းများ လျှော့ချရေးမှာ တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ဒါပေမယ့် မကြာသေးခင်က ဖက်ဒရယ်ဘဏ္ဍာရေးမူဝါဒ တွေနဲ့ပတ်သက်ပြီး သမ္မတထရမ့် နဲ့ သဘောထားကွဲလွဲတွေ ဖြစ်ခဲ့ပါသေးတယ်။
မက်စ်က DOGE ဌာနကို ဦးဆောင်ခဲ့တဲ့ ကာလအတွင်း အစိုးရအဖွဲ့ဝင်အများအပြားနဲ့ အငြင်းပွားမှုတွေ ရှိခဲ့တယ်လို့ အမေရိကန် မီဒီယာများကဖော်ပြထားကြပါတယ်။ သမ္မတ ထရမ့်ကို ထောက်ခံတဲ့ အကျိုးဆက် အနေနဲ့Tesla ကားအရောင်းနှုန်း၊ အစုရှယ်ယာဈေးများ ထိခိုက်မှု ရှိနေပြီဖြစ်ကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
#mercury#mercurynews#အမေရိကန်#elonmusk