Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အီးစီးကရက်၊Vapeများကို တင်သွင်း၊ရောင်းချခွင့်ပိတ်ပင်သည့်ညွှန်ကြားချက် ရန်ကုန်တိုင်းသို့မရောက်သေးဟုဆို

——————————————————————————-

၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ၊(၂၀)ရက်

အီးစီးကရက်၊ Vapeတွေကို တင်သွင်း၊ တင်ပို့တာ၊ ‌ရောင်းချတာ၊ လက်ဝယ်ထားရှိတာနဲ့ သိုလှောင်ဖြန့်ဖြူးတာအပြင် သုံးစွဲတာတွေကိုတားမြစ်ပိတ်ပင်ဖို့ရှိတယ်လို့ သတင်းဌာနအချို့က ဖော်ပြတာတွေရှိနေပါတယ်။

ဒီလိုဖော်ပြချက်တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီနေ့ဖေဖော်ဝါရီလ (၂၀)ရက်နေ့လယ်ပိုင်းအထိ တရားဝင်ညွှန်ကြားစာ မရောက်လာသေးဘူးလို့ဆိုပါတယ်။

‘’ဆရာတို့ရန်ကုန်တိုင်း(ကျန်းမာရေးဦးစီးဌာန)ကိုတော့ ဝန်ကြီးဌာနက တရားဝင်ညွှန်ကြားတဲ့စာတွေ မရောက်လာသေးပါဘူး။ညွှန်ကြားတာတွေရောက်လာခဲ့ ရင် အသိပေးသွားဖို့ရှိပါတယ်’’လို့ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက Mercury Newsကိုပြောပါတယ်။

ဒီအီးစီးကရက်၊ Vape တွေမှာ နီကိုဒင်းနဲ့ဓာတုပစ္စည်းတွေပါဝင်တဲ့အတွက် သုံးစွဲသူတွေမှာ ကျန်းမာရေးအရ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က ကျန်းမာရေးအသိပညာပေး ပြောကြားထားပါတယ်။