၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၁)ရက်
အွန်လိုင်းပေါ်မှာ အောက်လမ်းဆရာဟန်ဆောင်ပြီး လူငယ်တွေကို ငွေသိန်းချီလိမ်လည်နေတဲ့ကျားဖြန့်တွေ ရှိနေတယ်လို့ အလိမ်ခံရသူကာယကံရှင်ရဲ့ ဆွေမျိုးတွေရဲ့ ပြောကြားချက်တွေအရသိရပါတယ်။
အောက်လမ်းဆရာအနေနဲ့ အချစ်ရေးအတွက် အလကားဆောင်ရွက်ပေးမယ်ဆိုပြီး ကောင်လေးရဲ့ဓာတ်ပုံကိုတောင်းယူပြီးနောက် အဲဒီ့လို အောက်လမ်းနဲ့ ကောင်လေးကို လုပ်ခိုင်းတာဖော်ထုတ်မယ်ဆိုပြီးငွေညှစ်တာ၊ထမင်းစားရင် ေ-သွးအန်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေလုပ်ပြီး အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ (၂)သိန်းတောင်းလိုက်၊(၃)သိန်းတောင်းလိုက်နဲ့ သိန်း(၈၀)လောက်တောင်းယူခံရတယ်လို့ အလိမ်ခံရသူအမျိုးသမီးရဲ့အစ်မဖြစ်သူက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
အမျိုးသမီးငယ်တစ်ဦးတည်းသာမက သူရဲ့မိသားစုဝင်တွေပါ ေ-သွးအန်သေမယ်လို့ခြိမ်းခြောက်ထားသလို အလိမ်ခံရတဲ့အမျိုးသမီးငယ်က ထမင်းစာရင် ေ-သွးအန်ေ-သမှာစိုးလို့ ထမင်းနှစ်ရက်လည်းမစားရဲသလို သိန်း(၈၀)လည်းပေးလိုက်ရတယ်လို့ သိရပါတယ်။