Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဥရောပအမျိုးသမီးချန်ပီယံရှစ်တွင် အင်္ဂလန်က စပိန်ကို ပင်နယ်တီဖြင့်အနိုင်ယူကာ ချန်ပီယံဆု ၂ ကြိမ်ဆက် ရယူ

၂၀၂၅၊ဇူလိုင်လ၊၂၈ရက်

ဥရောပအမျိုးသမီးချန်ပီယံရှစ်ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဟာ စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးသွားနိုင်ခဲ့ ပါတယ်။ သာမန်ပွဲချိန်နဲ့ အချိန်ပိုမှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ကန်ခဲ့ရာမှာ အင်္ဂလန်က ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံလည်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက စပိန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ချန်ပီယံဆု လက်လွှတ်ခဲ့ရတာကို ဒီပွဲမှာ လက်စားပြန်ချေနိုင်ခဲ့ပါတယ်။

တစ်ဦးချင်းဆုများအနေနဲ့ ဗိုလ်လုပွဲမှာ အကောင်းဆုံးကစားသမားဆုကို အင်္ဂလန်ဂိုးသမား ဟာနက်ရှ် ဟမ်တန် က ရရှိခဲ့ပြီး သူမဟာ စပိန်ရဲ့ ပင်နယ်တီကန်သွင်းချက် နှစ်ကြိမ်ကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ကမ္ဘာ့အကောင်းဆုံးအားကစားမယ်ဆုကို နှစ်ကြိမ်ဆွတ်ခူးထားတဲ့ စပိန်ကွင်းလယ်ကစားသမား အိုင်တာနာ ဘွန်မာတီ က ရရှိခဲ့ပါတယ်။

အကောင်းဆုံးလူငယ်ကစားသမားဆုကို အင်္ဂလန်ကွင်းလယ်ကစားသမား မစ်ချယ်လီ အေဂျီမန်း က ရရှိခဲ့ပြီး သွင်းဂိုး သုံးဂိုးသွင်းခဲ့တဲ့ စပိန်တိုက်စစ်မှူး အက်စ်သာ ဂွန်ဇာလက်ဇ် ကတော့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။

#mercury#mercurynews#အားကစား#အမျိုးသမီး#အင်္ဂလန်