Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဧရာဝတီမြစ်ထဲရေဆင်းချိုးရာသည့်ကလေးငယ်တစ်ဦးရေနစ်

၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၁၁)ရက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာအနီးရှိ ဧရာဝတီမြစ်ထဲမှာ ရေဆင်းချိုးရာမှ ကလေးငယ်(ကျား)(၁)ဦး ရေနစ်သွားတယ်လို့ သိရပါတယ်။

ဩဂုတ်လ(၁၁)ရက်၊၁၄ ၀၀ အချိန်ခန့်မှာဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရေနစ်တဲ့ကလေးမှာ ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကိုအောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာမေတ္တာလူမှုကူညီရေးအသင်း၊ အမရဌာနရှေ့လူမှုကယ်ဆယ်ရေးအသင်း၊ အဖြူရောင်နှင်းဆီလူမှုကူညီရေးအသင်းသားများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်‌ပေးခဲ့တယ်လို့ သိရပါတယ်။