ရွှေကူ၊ကသာ၌ စိုးရိမ်ရေအမှတ်ထက် ကျော်လာနိုင်
၂၀၂၅ခုနှစ်၊ဇွန်လ၊(၂)ရက်
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ရွှေကူ၊ကသာ၊သပိတ်ကျင်းတို့မှာ တက်လာဖို့ရှိပြီး စိုးရိမ်ရေအမှတ်ထက်တက်လာတဲ့ ဒေသတွေလည်းရှိလာနိုင်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ နောက်(၂၄)နာရီအတွင်း စိုးရိမ်ရေအမှတ်အထက်သို့ ရောက်လာနိုင်သလို ရွှေကူမှာလည်း နောက်(၂၄)နာရီအတွင်း၊ကသာမှာလည်း နောက်နှစ်ရက် အတွင်း စိုးရိမ်ရေအမှတ်အထက်သို့ကျော်နိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်အပြင် ဒုဌဝတီမြစ်၊ချင်းတွင်းမြစ်နဲ့ အခြားမြစ်တွေမှာလည်း မြစ်ရေတွေ တက်လာနိုင်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြစ်ရေ#ပြည်တွင်းသတင်း#Myitkyina