ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ ရိုးရာတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာမယ့် အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ (၈) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပွဲတော်ကို အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၁၉၄၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ ၁၉၅၃-၅၄ ခုနှစ်မှာ ပွဲတော်တစ်ခုအဖြစ် စတင်ကျင်းပခဲ့ပါတယ်။ အခု ၂၀၂၅ ခုနှစ်မှာတော့ ပွဲတော်ကျင်းပလာခဲ့တာ ၈၄ နှစ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
#mercury#mercurynews#မီးပုံးပျံ#တောင်ကြီး#ပြည်တွင်းသတင်း