၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို ယခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ တတိယပတ်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး ဆီးဂိမ်းကော်မတီက ပါဝင်ကျင်းပမည့် အားကစားနည်းပေါင်း ၅၄ မျိုးအထိ ကို ဖော်ပြခဲ့ပါတယ်။
ယခုနှစ် ဆီးဂိမ်းမှာ Mixed Martial Arts (MMA) ကစားနည်းကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ သို့သော်လည်း ပထမဆုံးအကြိမ် စတင်ထည့်သွင်းကျင်းပခြင်းဖြစ်တာကြောင့် ဆုတံဆိပ်များ ချီးမြှင့်ရန်အထိ မဟုတ်သေးဘဲ၊ ကနဦးခြေလှမ်း စတင်သည့်အနေဖြင့်သာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
အိမ်ရှင် ထိုင်းနိုင်ငံအပါအဝင် စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်တို့ဟာ MMA ကစားနည်းအတွက် ကစားသမားများ စေလွှတ်ရန် အစောကြီးကတည်းက ပြင်ဆင်မှုများ ပြုလုပ်နေခဲ့ကြတာပါ။ ထိုင်းနိုင်ငံအနေနဲ့လည်း ONE Championship နှင့် ပူးပေါင်းပြီး MMA ကစားနည်းတွင် အောင်မြင်မှုရအောင် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ပရော်ဖက်ရှင်နယ် MMA ပြိုင်ပွဲများ အားကောင်းစွာ ထွန်းကားခြင်းမရှိသေးတာကြောင့် ယခုဆီးဂိမ်းတွင် MMA ကစားသမားများ စေလွှတ်ခြင်း ရှိ၊ မရှိကို သတင်းထုတ်ပြန်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။
#mercury#mercurynews#S#SEAgames2025 #MMA#မြန်မာ