Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

(၄)နှစ်အရွယ်သမီးငယ်လေးကို မတရားပြုကျင့်သည့်တရားခံ ဖမ်းဆီးမိပြီဟုဆို

၂၀၂၅ခုနှစ်၊စက်တင်ဘာလ၊(၂၂)ရက်


ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုလ်တထောင်မြို့နယ်ထဲမှာ (၄)နှစ်အရွယ်သမီးငယ်လေးကို မတရားပြုကျင့်ခံခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။


စက်တင်ဘာလ(၁၈)ရက်က 48လမ်း၊အနော်ရထာလမ်းနဲ့မဟာဗန္ဓုလလမ်းကြားကားပါကင်အနောက်ဘက်မှာ ဝတ်ထားတဲ့ ဂါဝန်နဲ့ခြေထောက်တွေမှာ ‌ေ-သွးတွေတွေ့ရတဲ့ (၄)နှစ်အရွယ်သမီးငယ်လေးကိုတွေ့ရှိရတာ ဖြစ်ပါတယ်။
အဲဒီ့သမီးငယ်လေးမှာ မတရားပြုကျင့်ခံရတဲ့လက္ခဏာတွေ့ရတယ်လို့ မြို့နယ်ဆရာဝန်နဲ့အဖွဲ့ကယူဆလို့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။


သမီးငယ်လေးကို မတရားပြုကျင့်တယ်လို့ ယူဆရတဲ့ တရားခံကို စက်တင်ဘာလ(၂၁)ရက်ညပိုင်း ဗိုလ်တထောင်ရဲစခန်းမှ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။