Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၇လကျော်အတွင်း ကျိုက်ထီးရိုးသို့ ခရီးသွားဧည့်သည် ၁.၁၇ သန်းကျော် လာရောက်

၂၀၂၅၊မေလ၊၂၉ရက်

မြန်မာနိုင်ငံ၊ မွန်ပြည်နယ်က ထင်ရှားကျော်ကြားတဲ့ ဘုရားဖူးနေရာ ကျိုက်ထီးရိုးစေတီကို အောက်တိုဘာလမှ စပြီး မေလ ၁၉ ရက်အထိ ၇ လကျော်ကြာကာလအတွင်း ခရီးသွားဧည့်သည် ၁.၁၇ သန်းကျော် လာရောက်ခဲ့ကြောင်း သိရပါတယ်။

ဧည့်သည်ခရီးသွားများ အနက် နိုင်ငံတကာက ခရီးသည် ၂၄,၀၀၀ ကျော် ပါဝင်ပြီး ထိုင်းနိုင်ငံက အများဆုံး ဖြစ်ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသည်အရေအတွက် ပိုများလာကြောင်း နိုင်ငံပိုင် သတင်းစာမှာဖော်ပြပါတယ်။

ကျိုက်ထီးရိုးစေတီဟာ မြန်မာနိုင်ငံတွင်း ခရီးသွားနေရာများအနက် အစည်ကားဆုံးနေရာများထဲမှ တစ်ခုဖြစ်ပြီး ဘုရားဖူးဧည့်သည်များ၊ယဉ်ကျေးမှုအလှအပကိုခံစားလိုသူခရီးသည်များအတွက် ထင်ရှားတဲ့ နေရာဖြစ်ပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ကျိုက်ထီးရိုး#ခရီးသွား#ပြည်တွင်းသတင်း

May be an image of temple