ဖော်ထုတ်ဖမ်းဆီး၊လွှဲပြောင်းပေးနေ
———————————————————————————————————–
၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၃)ရက်
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၅ခုနှစ်ဇန်နဝါရီ(၃၀)မှစလို့ ဒီနေ့ချိန်အထိ(၉)လတာအတွင်း မြန်မာပြည်တွင်းရောက် နိုင်ငံပေါင်း(၄၀)မှ ကျားဖြန့်လုပ်ငန်းမှာပါဝင်တဲ့ နိုင်ငံခြားသား ၉၅၅၁ ဦးကို ဖော်ထုတ်ဖမ်းဆီး၊လွှဲပြောင်းပေးနေတယ်လို့ သိရပါတယ်။
အဲဒီ့နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းမှာ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နဲ့ မဲ့ထော်သလေး(KK Park) နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသားတွေကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းကာ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှုပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူတွေနဲ့ နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
#mercury#mercurynews#ကျားဖြန့်#မြန်မာ#ပြည်တွင်းသတင်း