Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေခဲမှတ်နားနီးပြီးအေးမြသည့်ဒေသ(၁၃)မြို့ရှိ၊ ကယားနှင့် ရှမ်းတောင်ပိုင်း၊အရှေ့ပိုင်းပိုအေးလာမည်


ရေခဲမှတ်နားနီးပြီးအေးမြလာတဲ့ဒေသ(၁၃)မြို့ရှိတယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ရာသီဥတုအေးပြီး ၁၀.၀ ဒီဂရီဆဲလ်စီးယပ်စီအောက်ရောက်နေတဲ့ဒေသတွေကတော့ ဟားခါးမြို့မှာ ၁.၀ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့မှာ ၅.၃ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့မှာ ၅.၅ ဒီဂရီဆဲလ်စီးယပ်အထိရောက်ရှိနေပါတယ်။

ဒါ့အပြင် ပူတာအိုမြို့မှာ ၅.၈ ဒီဂရီဆဲလ်စီးယပ်၊ ဟဲဟိုးမြို့မှာ ၇.၈ ဒီဂရီဆဲလ်စီးယပ်၊ မချမ်းဘောမြို့နဲ့ပင်လောင်းမြို့ တို့မှာ ၈.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ ပြင်ဦးလွင်မြို့မှာ ၉.၅ ဒီဂရီဆဲလ်စီးယပ်၊ ခန္တီးမြို့မှာ ၉.၈ ဒီဂရီဆဲလ်စီးယပ်နဲ့ ဟုမ္မလင်းမြို့၊ မိုးညှင်းမြို့၊ တောင်ကြီးမြို့ နဲ့ မိုင်းယန်းမြို့တို့မှာ ၁၀.၀ ဒီဂရီဆဲလ်စီးယပ်စီတို့ ရှိခဲ့တယ်လို့ဆိုပါတယ်။


နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေဖြင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ သိရပါတယ်။