Apple ကုမ္ပဏီက သူတို့ရဲ့ Siri AI စနစ်ကို အကြီးစားပြုပြင်မွမ်းမံရန်အတွက် Google ရဲ့ Gemini AI model ကို အသုံးပြုရန် သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း Bloomberg ဖော်ပြထားပါတယ်။
Apple အနေနဲ့ အခုနည်းပညာအတွက် Google ကို တစ်နှစ် ဒေါ်လာ ၁ ဘီလီယံ ပေးချေဖွယ်ရှိနေပါတယ်။
Apple ဟာ Siri အတွက် OpenAI နှင့် Anthropic တို့ရဲ့ AI model များကိုလည်း စမ်းသပ်ခဲ့ပြီးနောက် Google Gemini ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ Siri မှာ အသုံးပြုမည့် စိတ်ကြိုက် Gemini ဗားရှင်းဟာ လက်ရှိ Apple Intelligence ရဲ့ Cloud ဗားရှင်းထက် ၈ ဆခန့် ပိုကြီးပြီး၊ parameter ၁.၂ ထရီလီယံ နဲ့ ဖန်တီးထားတဲ့ မော်ဒယ်ဖြစ်ကြောင်း သိရပါတယ်။
Google နည်းပညာက Siri ရဲ့ လုပ်ဆောင်ချက်အားလုံးကို တာဝန်ယူမှာ မဟုတ်ဘဲ၊ အဓိကအားဖြင့် အနှစ်ချုပ်တဲ့အပိုင်း (Summarizer) နှင့် စီမံခန့်ခွဲမှု (Planner) ပိုင်းများကိုသာ တာဝန်ယူမှာဖြစ်ပါတယ်။ အချို့ Siri လုပ်ဆောင်ချက်များကို Apple ရဲ့ကိုယ်ပိုင် in-house မော်ဒယ်များက ဆက်လက် ထိန်းချုပ်ထားမှာဖြစ်ပြီးအရေးကြီးတဲ့ အချက်အနေနဲ့ Google model ဟာ Apple ရဲ့ ကိုယ်ပိုင်ဆာဗာများမှာသာ လည်ပတ်မှာဖြစ်တာကြောင့် Googleနဲ့ အသုံးပြုသူ အချက်အလက် (Data) မျှဝေရန် လိုအပ်မှာမဟုတ်ဘူး လို့ သတင်းတွေ အရ သိရပါတယ်။
#mercury#mercurynews#apple#GeminiAI#နည်းပညာ
