Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

BLACKPINKရဲ့ အယ်လ်ဘမ်အသစ် ဒီဇင်ဘာလတွင် ထွက်ရှိမည်

ကမ္ဘာကျော် K-Pop အဖွဲ့ BLACKPINK ရဲ့ အယ်လ်ဘမ်အသစ်ကို လာမည့် ဒီဇင်ဘာလတွင် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း ကိုရီးယားမီဒီယာ Xports Newsရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယခင်က အဆိုပါအယ်လ်ဘမ်အသစ်ကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလအတွင်း ထွက်ရှိရန် စီစဉ်ထားခဲ့ပေမယ့်လည်း အဖွဲ့ဝင်များရဲ့ အနုပညာလှုပ်ရှားမှုအချိန်ဇယား (Schedule) များ မအားလပ်မှုကြောင့် ဒီဇင်ဘာလလယ်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့သည့် “Born Pink” အယ်လ်ဘမ်နောက်ပိုင်း (၃) နှစ်အကြာမှ အယ်လ်ဘမ်အသစ်ကို ထပ်မံထုတ်ဝေခြင်းဖြစ်တဲ့အတွက် ပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်နေလျှက်ရှိနေပါတယ်။

#mercury#mercurynews#BLACKPINK#album#အနုပညာသတင်း