Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

BLACKPINK အဖွဲ့ဝင် လီဆာ (Lisa) Netflixရဲ့ အက်ရှင်ကားသစ် “Extraction: Tigo” တွင် ပါဝင်မည်

၂၀၂၅၊အောက်တိုဘာလ၊၁၅ရက်

ကမ္ဘာကျော် K-Pop အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် လီဆာ (Lisa) ဟာ Netflix ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အက်ရှင်ဇာတ်ကား “Extraction” ရဲ့ နောက်ဆက်တွဲ (Spin-Off) ဖြစ်တဲ့ “Extraction: Tigo” မှာ သရုပ်ဆောင်အဖြစ် ပါဝင်မှာဖြစ်ကြောင်း သတင်းများက ဖော်ပြပါတယ်။

အဆိုပါ ဇာတ်ကားမှာ လီဆာနဲ့အတူ တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ မာဒေါင်ဆော့ (Ma Dong-seok) နဲ့ လီဂျီဝုတ် (Lee Ji-wook) တို့လည်း ပါဝင်မှာဖြစ်ပြီး၊ အခြား ဟောလိဝုဒ်ရဲ့ မင်းသား၊ မင်းသမီးများလည်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

ပြီးခဲ့သည့်နှစ်က ထုတ်လွှင့်ခဲ့တဲ့ HBOရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ “White Lotus Season 3″မှာ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ခြင်းက အာရှပြင်ပ ဟောလိဝုဒ် ဇာတ်လမ်းတွဲများမှာ လီဆာရဲ့ ပထမဆုံးအကြိမ် ပွဲဦးထွက် (Debut) သရုပ်ဆောင်မှုဖြစ်ခဲ့ပါတယ်။

ဒီတစ်ကြိမ် “Extraction: Tigo” မှာ ပါဝင်ခြင်းနဲ့ လီဆာ ဟာ နိုင်ငံတကာ အက်ရှင် ရုပ်ရှင်ကားကြီးများရဲ့ လောကထဲသို့ အပြည့်အဝ ဝင်ရောက်လာပြီဖြစ်ပါတယ်။

#mercury#mercurynews#အနုပညာ#LISA#BLACKPINK#Extraction:Tigo