Tesla နဲ့ SpaceX ကုမ္ပဏီများရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ဟာ သမိုင်းတစ်လျှောက်မှာ ပိုင်ဆိုင်မှု ဒေါ်လာ ၅၀၀ ဘီလီယံ (ဘီလီယံ ၅၀၀) ချမ်းသာတဲ့ ကမ္ဘာ့ပထမဆုံး သူဌေးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။Muskအနေနဲ့ လူ့သမိုင်းရဲ့ ပထမဆုံး “ထရီလီယံနာ” ဖြစ်လာရေး ခရီးလမ်းတစ်ဝက်ကို ရောက်ရှိနေပြီလို့ သုံးသပ်နိုင်ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မှာ Forbes မဂ္ဂဇင်းရဲ့ Real-Time Billionaires အညွှန်းကိန်းအရ Musk ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုဟာ ဒေါ်လာ ၅၀၀.၀ ဘီလီယံ အထိ ရောက်ရှိလာခဲ့ပါတယ်။Muskရဲ့ ကြွယ်ဝမှု တိုးတက်လာခြင်းဟာ Tesla ကုမ္ပဏီနဲ့ အဓိကသက်ဆိုင်နေပြီး၊ ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းမှာပင် Tesla ရှယ်ယာဈေး ၄% နီးပါး တက်သွားခဲ့ရာ ပိုင်ဆိုင်မှုကို ဒေါ်လာ ၉.၃ ဘီလီယံ တိုးလာစေခဲ့ပါတယ်။
Musk ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ အခြားသူများကို အပြတ်အသတ် ကျော်ဖြတ်ကာ ပြိုင်ဘက်ကင်းသော နေရာကိုရထားပြီး ဒုတိယအချမ်းသာဆုံးဖြစ်သူ Larry Ellison ကို နိုင်ငံငယ်တစ်နိုင်ငံရဲ့ GDP (အသားတင် ပြည်တွင်းထုတ်ကုန်) လောက်ရှိတဲ့ ဒေါ်လာ ၁၅၀ ဘီလီယံ ခြားနားမှုနဲ့ ဦးဆောင်နေပါတယ်။
#mercury#mercurynews#စီးပွား#elonmusk #tesla