Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

EUခေါင်းဆောင်က ယူကရိန်းကို စေ့စပ်ဆွေးနွေးမှုတွင်နယ် မြေဆုံးဖြတ်ခွင့်အပြည့်အဝပေးသင့်ကြောင်း ထောက်ခံပြောကြား

၂၀၂၅၊ဩဂုတ်လ၊၁၈ရက်

ယူကရိန်းနှင့်ပတ်သက်တဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်များကို စေ့စပ်ဆွေးနွေးမှုစားပွဲမှာ ယူကရိန်းကိုယ်တိုင်ကသာ မဖြစ်မနေ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဩဂုတ် ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၁၈ ရက်မှာ အမေရိကန်သမ္မတ ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ တွေ့ဆုံဆွေးနွေးမှုမပြုလုပ်မီ ဗွန်ဒါလေယန်က အခုလို ထုတ်ဖော်ပြောကြားခဲတာပါ။ ဇယ်လန်းစကီးနဲ့အတူ ဥရောပနိုင်ငံအများအပြားက နိုင်ငံခေါင်းဆောင်များလည်း အမေရိကန်ကို လိုက်ပါမယ်လို့ အတည်ပြုထားပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွန်ဒါလေယန်က တရားမျှတပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမရမချင်း ဥရောပအနေနဲ့ ယူကရိန်းကို အခိုင်အမာထောက်ခံသွားမယ်ဟု ကတိပြုခဲ့ပါတယ်။ဒါ့အပြင် ဥရောပအနေနဲ့ ရုရှားအပေါ် သံတမန်ရေးနှင့် စီးပွားရေးအရ ဆက်လက်ဖိအားပေးသွားမှာဖြစ်ပြီး စက်တင်ဘာလအစောပိုင်းမှာ ရုရှားအပေါ် ၁၉ ကြိမ်မြောက် အရေးယူပိတ်ဆို့မှုအစီအစဉ်သစ် ထုတ်ပြန်ရန် ခန့်မှန်းထားကြောင်း လည်းပြောခဲ့ပါတယ်။

ဓါတ်ပုံ-ဆင်ဟွာ

#mercury#mercurynews#နိုင်ငံတကာသတင်း#ရုရှား#ယူကရိန်း#ဉရောပ