Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

Joshua Van အတွက် UFCမှ နောက်ထပ်ပွဲ သတ်မှတ်ပေး၊Flyweight Ranking နံပါတ် (၁) Royval နှင့် ရင်ဆိုင်ရမည်

၂၀၂၅၊ဇွန်လ၊၁၀ရက်

မြန်မာ့ MMA ကြယ်ပွင့် Joshua Vanဟာ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့် UFC 317 ပြိုင်ပွဲမှာ သူ့ရဲ့ ချန်ပီယံ မျှော်လင့်ချက်အတွက် အရေးပါတဲ့စိန်ခေါ်မှု တစ်ရပ်ကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။UFC Flyweightရဲ့ Ranking နံပါတ် (၁) Brandon Royvalနဲ့ ရုတ်တရက် တွေ့ဆုံရမယ့် တွဲဆိုင်းမှာ ယခုအခါမှာတော့ UFCက တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

မူလက Royval နှင့် Manel Kape တို့ ယှဉ်ပြိုင်ကြရန် စီစဉ်ထားခဲ့ပေမယ့် Kape နှုတ်ထွက်သွားခြင်းကြောင့် Joshua Van ဟာ ပွဲမကျင်းပမီ ၁၈ ရက်အလိုမှာ လူစားထိုး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။

Bruno Silvaကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ Joshua Vanဟာ Brandon Moreno ကို စိန်ခေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ Moreno ကို အနိုင်ရထားပြီး လက်ရှိ Flyweight အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာယူထားသည့် Brandon Royvalလို ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရခြင်းမှာ Van အတွက် ပိုမိုမြင့်မားသည့် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။

အကယ်၍ Joshua Van သာ Royval ကို အနိုင်ယူနိုင်ခဲ့ပါက ချန်ပီယံခါးပတ်လုပွဲအတွက် တိုက်ရိုက်အခွင့်အရေး ရရှိမှာဖြစ်ပြီး၊ ရှုံးနိမ့်ခဲ့ပါက သူရဲ့UFC လမ်းကြောင်းဟာ နောက်ပြန်လှည့်ရနိုင်တယ်လို့ အားကစားသုံးသပ်သူများက မှတ်ချက်ပြုနေကြပါတယ်။

#mercury#mercurynews#မြန်မာ#JoshuaVan#အားကစား