———————————————————–
အမေရိကန်နိုင်ငံ၊ Los Angeles မှာသြစတြေးလျရုပ်သံ 9Newsသတင်း တင်ဆက်နေတဲ့Lauren Tomasi ရော်ဘာကျည်ဆံနဲ့ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး Los Angeles ရဲဌာန (LAPD) က “တရားဝင် စုံစမ်းစစ်ဆေးမှု” ပြုလုပ်နေပြီဆိုတာ အတည်ပြုလိုက်ပြီလို့ 9Newsရုပ်သံသတင်းဌာနက ဖော်ပြထားပါတယ်။
သူမဟာ LA ရဲ့ ရှုပ်ထွေးလှတဲ့ ဆန္ဒပြပွဲတွေကို သတင်းယူနေစဉ် ရော်ဘာကျည်ဆံနဲ့ ပစ်ခတ်ခံခဲ့ရတာပါ။
Tomasi က ဆန္ဒပြပွဲရဲ့ ရှေ့တန်းနားမှာ တိုက်ရိုက်သတင်းပေးပို့နေတုန်း ရဲအရာရှိတစ်ဦးက ပစ်ခတ်ခဲ့ပုံရပါတယ်။
သူမဟာ 9 News ရဲ့ US Correspondent အဖြစ် Los Angeles မှာ အခြေ စိုက်ပြီး သတင်းယူနေတာ ဖြစ်ပါတယ်။
မကြာသေးခင်က Los Angeles မှာ ဖြစ်ပွားခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ဆန္ဒပြပွဲတွေမှာ ရော်ဘာ ကျည်ဆံနဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#အမေရိကန်#နိုင်ငံတကာသတင်း