ချဲလ်ဆီးအသင်းဟာ အစ်ဆွစ်တောင်းအသင်းရဲ့ တိုက်စစ်မှုး Liam Delapကိုခေါ်ယူနိုင်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
Liam Delapက “ချဲလ်ဆီးအသင်းရဲ့ သမိုင်းကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ကျွန်တော့်ကစားသမားဘဝကို အောင်မြင်မှုတွေထပ်ဖြည့်ချင်တဲ့ ဆန္ဒပြင်းပြနေသလို ဒီအသင်းကိုလည်း ထိုက်တန်တဲ့ အမြင့်ဆုံးအဆင့်ဆီ ပြန်လည်ပို့ဆောင်ပေးချင်တဲ့စိတ်တွေ အပြည့်ရှိနေပါတယ်..။ ဒါတွေဟာ ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်”လို့ ချဲလ်ဆီးဆီပြောင်းရွေ့ဖြစ်ပုံကို ပြောပါတယ်။
Liam Delapဟာ ချဲလ်ဆီး ၂၀၃၁ ခုနှစ်၊ ဇွန်လအထိ (၆) နှစ် သက်တမ်းစာချုပ်ကို ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၁သိန်းကျော် ရရှိမှာဖြစ်ပါတယ်။
#mercury#mercurynews#အားကစားသတင်း#chelsea#LiamDelap