Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

MAIလေကြောင်းလိုင်းတွင် ‘ပြင်ဦးလွင်’ဟုခေါ်သည့်လေယာဉ်သစ်ထပ်ရောက်လာ

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၁)ရက်


အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သို့ အဋ္ဌမမြောက် Airbusအနေနဲ့ “ပြင်ဦးလွင်”လို့ အမည်တွင်တဲ့လေယာဉ်အသစ်ရောက်ရှိလာတယ်လို့ MAIမှ သိရပါတယ်။


အခုရောက်ရှိလာတဲ့ Airbus A319 လေယာဉ်အပါအဝင် MAI ရဲ့လေယာဉ်အင်အားစုဟာ စုစုပေါင်း ၁၅ စီး ရှိလာခဲ့ပြီဖြစ်ပါတယ်။


အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ရဲ့ မှတ်ပုံတင်အမှတ် XY-ALZ ဖြင့် မှတ်ပုံတင်ထားပြီး ” ပြင်ဦးလွင်”လို့ အမည်ပေးထားတဲ့ လေယာဉ်အသစ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (RGN) သို့ ဆိုက်ရောက်လာခဲ့ပြီး အစဉ်အလာအရ ရေပက်ဖြန်းမှု အခမ်းအနားတစ်ရပ်ဖြင့် ကြိုဆိုခဲ့ကြပါတယ်။


မြန်မာနိုင်ငံရဲ့ ဦး‌ဆောင်လေကြောင်းလိုင်းဖြစ်တဲ့ MAI ဟာ ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုမှာ အခြေစိုက်ပြီးမြို့ပေါင်း ၄၁ မြို့ဆီသို့ ဆက်သွယ်ပျံသန်းပြေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။