မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)တို့ ပူးပေါင်းပြီး ရွက်ပုန်းသီး မျိုးဆက်သစ် ကစားသမားများ ဖော်ထုတ်နိုင်ရေးအတွက် Regional Training Center (ဒေသအလိုက် လေ့ကျင့်ရေးစင်တာ) များကို ယနေ့ (အောက်တိုဘာ ၂၂) ရက်မှစတင်ပြီး ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
ယခုနှစ်အတွက် လေ့ကျင့်ရေးစင်တာများကို မော်လမြိုင်၊ နေပြည်တော်၊ ကချင် (မြစ်ကြီးနား)၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီ (ပုသိမ်) တို့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အသက် (၁၄) နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမားများကို အဓိက လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သြဂုတ်လမှ စက်တင်ဘာလ ၂၀၂၅ အတွင်း ပြုလုပ်ခဲ့တဲ့ ကစားသမားရွေးချယ်ပွဲများကို စုစုပေါင်း ၈၂၃ ဦး လာရောက်ရွေးချယ်ခံခဲ့ကြရာမှ ဆန်ကာတင် (၂၅၃) ဦးကို ရွေးချယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားကစားသမားများကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေပိုင်းများမှာလည်းကောင်း၊ အမျိုးသမီးကစားသမားများကို အင်္ဂါ၊ ကြာသပတေး၊ စနေ ညနေဘက်များမှာလည်းကောင်း စနစ်တကျ လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ဘောလုံး#အားကစား#FIFA