Oracle ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ Larry Ellison ဟာ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။Oracle ရှယ်ယာတန်ဖိုး ၄၃% အထိ မြင့်တက်လာမှုကြောင့် Larry Ellisonက ဒီလိုအဆင့်ကို ရောက်ရှိလာရတဲ့တာ ဖြစ်ပါတယ်။
အမေရိကန်စံတော်ချိန် ညနေ ၄ နာရီ စတော့ဈေးပိတ်ချိန်မှာ Ellison ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၉၀ ဘီလီယံနီးပါး တိုးလာပြီး စုစုပေါင်း ဒေါ်လာ ၃၈၃ ဘီလီယံအထိ ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ လက်ရှိနံပါတ်တစ်နေရာကို ရယူထားတဲ့ Tesla CEO Elon Musk ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၃၈၄ ဘီလီယံနဲ့ ဒေါ်လာ ၁ ဘီလီယံသာ ကွာဟပါတော့တယ်။
Bloomberg ရဲ့ ဘီလီယံနာအညွှန်းကိန်းအရ လက်ရှိအဆင့်သတ်မှတ်ချက်မှာ Ellison နဲ့ Musk တို့ရဲ့နောက်မှာ Meta တည်ထောင်သူ Mark Zuckerberg၊ Amazon တည်ထောင်သူ Jeff Bezos၊ Google ကို ပူးတွဲတည်ထောင်သူများဖြစ်တဲ့ Larry Page နဲ့ Sergey Brinတို့က အသီးသီးရှိနေပါတယ်။
ဗုဒ္ဓဟူးနေ့က Oracle ရဲ့ စတော့ရှယ်ယာတွေ မြင့်တက်လာရတဲ့ အဓိကအကြောင်းအရင်းကတော့ ကုမ္ပဏီက ဒေါ်လာ ၄၅၀ ဘီလီယံကျော်တန်ဖိုးရှိ Cloud ဝန်ဆောင်မှုတွေနဲ့ AI နယ်ပယ်က ထိပ်တန်းကုမ္ပဏီတွေဖြစ်တဲ့ Nvidia နဲ့ OpenAI တို့နဲ့ ဘီလီယံပေါင်းများစွာတန်ဖိုးရှိ ကွန်ပျူတာစာချုပ်တွေ ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။
Oracle က လာမယ့်လအနည်းငယ်အတွင်းမှာလည်း ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ဖောက်သည်အများအပြားနဲ့ စာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားပြီး သူတို့ရဲ့ လုပ်ငန်းတွေဟာ မကြာခင်မှာ “ဒေါ်လာ ထရီလီယံဝက်ကျော်” အထိ ရောက်ရှိလာနိုင်တယ်လို့ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
#mercury#mercurynews#စီးပွားရေး #နိုင်ငံတကာ#LarryEllison